မည်သူသည် ဗဟိုဖြစ်သနည်း
ကျွန်မသည် စကြာဝဠာ၏ ဗဟိုချက် မဟုတ်ကြောင်းဟူသည့်အချက်ကို မကြာမီက ကျွန်မ သိရှိလိုက်ရသည်။ ကမ္ဘာကြီးက ကျွန်ုပ်ကို ဗဟိုပြု၍ လည်ပတ်မနေပါ။ ကျွန်မ၏အလို ကျွန်မ သဘောအတိုင်း ဖြစ်ပျက်ရွေ့ရှားမနေပါ။
ကျွန်ုပ်တို့က ထိုကဲ့သို့ဖြစ်စေချင်သည့် တိုင် ဘဝက ကိုယ့်အလိုဆန္ဒအတိုင်းဖြစ်ပျက် မနေ ပါ။ အရာခပ်သိမ်းသည် ဘုရားသခင်၌သာ ဗဟိုပြု သည်။ ဆာလံ ၃၃ တွင် ဖန်ဆင်းထားသော အရာ အားလုံးက ကိုယ်တော်၏ထိန်းချုပ်မှုအောက်၌ ကိုယ်တော့်အလိုအတိုင်းဖြစ်ပျက်ကြောင်း ကျွန်ုပ်တို့ ဖတ်ရသည် (း၆-၉)။ သမုဒ္ဒရာ၏ နယ်နိမိတ်အပိုင်း အခြားကို ကိုယ်တော်သတ်မှတ်၍ လုံခြုံရာအရပ်တို့ ၌ သိုထားတော်မူသည်။ သဘာဝလောကကြီး၌ အရာခပ်သိမ်းသည် ကိုယ်တော် ချမှတ် သော နိယာမများအတိုင်း ဖြစ်ပျက်လျက်ရှိသည်။
တိုင်းနိုင်ငံများသည်လည်း ဘုရားသခင်ကိုသာ ဗဟိုပြုရသည်။ မည်သည့် အကြံအစည်နှင့်အစီအမံကမျှ ဘုရားသခင်ကို မဆန့်ကျင်နိုင်။ ဘုရားသခင်၏ အကြံအစည်…
နူးညံ့သောသက်သေခံ
လွန်ခဲ့သောနှစ်ပေါင်းများစွာက ၃၈ ပေ မြင့်သော တံတားပေါ်မှ ပြုတ်ကျသဖြင့် အသက် အန္တရာယ်နှင့် ရင်ဆိုင်ရပြီး ကျွန်တော်ဆေးရုံ တက်ခဲ့ရသည်။ ဆေးရုံတွင် နံဘေးကုတင်မှ လူနာ၏ဇနီးက “ရှင်ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ကျွန်မ ယောက်ျား ပြောပြတယ်” “ဘုရားက ရှင့်ကို အသုံးပြုချင်လို့ အသက်ဆက်ရှင်စေခဲ့တယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ ရှင့်အတွက် ကျွန်မတို့ ဆုတောင်းပေးနေခဲ့တယ်´ ဟု ပြောလာသည်။
ကျွန်တော်အံ့အားသင့်ခဲ့သည်။ ဘုရား ကျောင်းကို ပုံမှန်တက်ပြီး ကျွန်တော်ကြီးပြင်းလာခဲ့ သော်လည်း ကျွန်တော့်အသက်တာတွင် ဘုရား သခင် ပါဝင်ပတ်သက်လိမ့်မည်ဟု စိုးစဉ်းမျှ မတွေးမိခဲ့ပါ။ သူမ၏စကားများက ကျွန်တော်ကြားဖူး သော်လည်း မသိသေးသည့် ကယ်တင်ရှင်ကို ညွှန်ပြခဲ့ပြီး ၎င်းသည် သခင်ခရစ်တော်ထံ ကျွန်ုပ်၏ အသက်တာဆက်ကပ်ခြင်း၏အစပင် ဖြစ်သည်။ လူစိမ်းတစ်ဦးကို သူမသိသေး သော စစ်မှန်သော မေတ္တာရှင်ဘုရားအကြောင်း ပြောပြရန် ဂရုတစိုက်နှင့် ကြင်နာနူးညံ့…
စည်းလုံးမှုကို တိုးပွားဖော်ဆောင်ခြင်း
သုတ္တံ ၆း၁၆-၁၉ မှ အသုံးအနှုန်းက ပြတ်သားသည်။ ထာဝရဘုရား မုန်းတော်မူသော အရာ ခုနှစ်ပါးကို ဖော်ပြရာတွင် “အပေါင်းအဖော်ချင်း ရန်တွေ့ခြင်းငှာ ပြုတတ်သောသူ´လည်း စာရင်း ထဲတွင် ပါဝင်သည်။ ဤအပြစ်ကို ထည့်သွင်း ဖော်ပြရသည့် အကြောင်းရင်းမှာ ၎င်းသည် ခရစ်တော်၏နောက်လိုက်များကြား၌ ထားရှိရမည့် သခင်အလိုရှိသော စည်းလုံးမှုကို ပျက်စေသော ကြောင့် ဖြစ်သည် (ယော ၁၇း၂၁-၂၂)။
ရန်တွေ့ခြင်းကို ဖြစ်စေသူများသည် ကွဲပြားခြင်းကို ဖန်တီးရန် မူလက ရည်ရွယ်ချက် မရှိခဲ့ရိုးအမှန်ပါ။ ၎င်းတို့အာရုံတွင် သူတို့၏လိုအင် များ (သို့) သူတို့နှင့်သက်ဆိုင်သောအဖွဲ့အုပ်စု၏ ဖိအားပေးမှုများနှင့်သာ လွှမ်းမိုးနေခြင်းဖြစ်မည် (ယာ ၄း၁-၁၀)။ လောတ၏နွားကျောင်းသားများနှင့် အာဗြဟံ၏နွားကျောင်းသားများ၏ ရန်ပွဲ (က ၁၃း၁-၁၈)၊ တပည့်တော်များက မည်သူသာ၍ကြီးမြတ်သနည်းဟု အငြင်းပွားမှု (လုကာ ၉း၄၆)၊ ကောရိန်သုအသင်းတော်မှ သဘောထားကွဲနေသည့် အုပ်စုများကလည်း ဝိညာဉ်တော်အားဖြင့်…
မကြာမီလာမည်
ဖျော်ဖြေရေးပွဲ၊ အားကစားပွဲများမတိုင်မီ နောက်ဆုံးပေါ် နည်းပညာသုံးပစ္စည်းများ မရောင်းချ မီကပင် “မကြာမီလာမည်” ဆိုသည့် ကြော်ငြာက အရင်လာသည်။ လပေါင်းများစွာ လိုသေးသော် လည်း ရောက်ရှိလာမည့်ပွဲနှင့် ပစ္စည်းသစ်များကို မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းများ ဖြစ်ပေါ်လာ စေရန် ရည်ရွယ်သည်။
ဗျာဒိတ်ကျမ်းကို ဖတ်သောအခါတွင် “မကြာမီလာမည်”ဆိုသည့်အချက်က ကျမ်းတစ်ခု လုံး၌ စိမ့်ဝင်လွှမ်းမိုးထားကြောင်း ကျွန်တော် ခံစားရ သည်။ မကြာမမြင့်မီ အနာဂတ်ကာလတစ်နေ့တွင် ယေရှုခရစ်တော်သည် ကမ္ဘာပေါ်သို့ ပြန်ကြွလာ လိမ့်မည်”ဟု ပြောခြင်းထက် ကျမ်းစာစောင်၌ “ကာလမကြာမမြင့်မှီ ဖြစ်ရမည် အမှုအရာ များဟူမူကား” (၁း၁) “ကာလအချိန်ရောက်လုနီးပြီ” (ငယ် ၃) စသည့် စကားစုများနှင့် ပြည့်နေသည်။ နောက်ဆုံးအခန်းကြီးတွင် သခင်ဘုရားက “ငါသည် အလျင်အမြန်လာမည်” (ဗျာ ၂၂း၇၊ ၁၂း၂၀)ဟု သုံးကြိမ်ပြောထားသည်။ အခြားဘာသာပြန်ဆိုမှုများတွင် ဤ စကားစုကို “ငါမကြာမီလာမည်”၊…
အလုပ်လုပ်ဆောင်ဆဲပါ
ဗီဗီယန်နှင့် ဒွန်တို့သည် အသက် ၉၀ ခန့် ရှိပြီး အိမ်ထောင်သက် နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်သည်။ ဘဝ၌ရှင်သန်တက်ကြွရန်၊ အသင်းတော်လုပ်ငန်းများတွင် ပါဝင်ရန် ၎င်းတို့ အားမရှိ၊ မသန်မာတော့ကြောင်း သဘောပေါက်လာ သည်နှင့်အမျှ ဒွန်နှင့် ဗီဗီယန်တို့ နှစ်ပေါင်းများစွာ ခံစားဝမ်းနည်းခဲ့ရပြီး မကြာခင်က ဗီဗီယန် တင်ပဆုံရိုး ကျိုးသွားသဖြင့် ၎င်းသည် သူတို့ဇနီး မောင်နှံအတွက် နောက်ပြဿနာတစ်ခုဖြစ်သည်။
သို့သော် ဗီဗီယန်နှင့် ဒွန်သည် သခင်ဘုရား၏အမှုတော်၌ ကြိုးစားပါဝင်နေဆဲ ဖြစ်သည်။ သူတို့သည် ဆုတောင်းခြင်းစစ်သူရဲများ ဖြစ်သည်။ ရုပ်ခန္ဓာနှင့် အသင်းတော်တွင် အမြဲမရှိ၊ မတွေ့ရသော်လည်း ကိုယ်တော်အတွက် ‘မြင်ကွင်း နောက်ကွယ်’မှ သစ္စာရှိစွာ အမှုဆောင်နေကြသူများ ဖြစ်သည်။
မဿဲ ၂၅ တွင် ဖော်ပြထားသော ငယ်သား ၃ ယောက် ဥပမာက ဘုရားသခင် ကျွန်ုပ်တို့အားပေးထားသော အစွမ်းအစများကို…
လွဲမှားသော စွဲလန်းနှစ်သက်မှု
လူအများစုသည် သူတို့၏ဆဲလ်ဖုန်းကို အချစ်ဆုံးသူငယ်ချင်းများအဖြင့် သဘောထားကြ ကြောင်း စာရေးဆရာနှင့်ဟောပြောပို့ချသူ မာတင် လင်းစတောမ်း က ထင်မြင်ချက်ပေးသည်။ MRI ကိုအသုံးပြုပြီးစမ်းသပ်ချက်အရ ထိုသို့ထင်မြင်ယူဆ စေသည့် အကြောင်းရင်းမှာ စမ်းသပ်ခံသူများသည် မိမိတို့ဖုန်းသံ ကြားရ၊ မြင်ရပြီဆိုလျှင် ၎င်းတို့၏ ဦးနှောက်က ချစ်ခြင်း၊သနားခြင်း ကရုဏာ စသည့် ခံစားမှုများစုစည်းရာ အာရုံကို တစ်ဟုန်ထိုး လှုံ့ ဆော် လိုက်သည်။ “ထိုအချိန်ဟာ မိသားစုဝင်ရှေ့၊ ချစ်သူရည်စားရှေ့ကို သူတို့ရောက်သွားတဲ့ အတိုင်း ပဲ” ဟု လင်းစတောမ်း က ပြောသည်။
ရုပ်ဝတ္ထုပစ္စည်းကို ရယူပိုင်ဆိုင် ချင်အောင်၊ အချိန်များစွာပေးချင်အောင်၊ ပိုပြီးအာရုံစိုက်ချင်အောင် အပြိုင်အဆိုင် ဖန်တီး ထုတ်လုပ် ကြသည်။ အသက်တာ၌ ကျွန်ုပ်တို့ မည်သည့်အရာကို ပို၍အလေးပေးသည်ကို ဆင်ခြင်သုံးသပ်ရန် အမြဲလိုအပ်ကြောင်း ထိုအချက်က သတိပေးနေသည်။ ဘုရားသခင် တစ်ပါးတည်းကိုသာ အားကိုးရန်၊…
ကောင်းကင်သားများ ဝမ်းမြောက်ခြင်း
ဂျုန်းသည် ခရစ်ယာန်မိသားစုမှကြီးပြင်း ခဲ့သော်လည်း ကောလိပ်တက်ချိန်တွင် သူမ၏ ယုံကြည်မှုကို စစ်ကြောကာ ဘုရားနှင့်ဝေးရာသို့ ထွက်သွားသည်။ ဘွဲ့ရပြီးနောက် ပျော်ရွှင်မှုကို ရှာဖွေရန် နိုင်ငံပေါင်းများစွာသို့ ခရီးထွက်ခဲ့သည်။ သို့သော် စိတ်ကျေနပ်နှစ်သိမ့်မှုကို မခံစားခဲ့ရပါ။ အခက်အခဲပြဿနာများ ရင်ဆိုင်ရချိန်တွင် ဘုရား သခင် သူနှင့်အတူရှိကြောင်း နားလည်လိုက်သည့် တစ်ပြိုင်နက် ဘုရားသခင်ကို သူလိုအပ်နေကြောင်း သူကိုယ်သူ သိလိုက်သည်။
“သမီး ခရစ်တော်အတွက် အသက်ရှင် တော့မယ်၊ သူသမီးကို ပြောင်းလဲလိုက်ပြီ၊ အမေ အဖေတို့ကို စိတ်ပူပန်အောင် လုပ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”ဟု ဂျာမနီမှ မိဘများရှိရာ အမေရိကသို့ ဖုန်းဆက်ပြောလိုက်သည်။ (သူ့ စကားကြောင့်) မိဘနှစ်ပါးမှာ ၀မ်းမြောက်လျက် သူမ၏အစ်ကိုလင်မယားကို အိမ်သို့ချက်ခြင်းလာရန် လှမ်းခေါ်လိုက်သည်။ စိတ်လှုပ်ရှား စရာ သတင်းကောင်းကို လူကိုယ်တိုင်တွေ့ပြီး ပြောပြချင်သောကြောင့်ဖြစ်သည်။ “မင်းတို့ ညီမ ခရစ်တော်ကို လက်ခံရရှိပြီ…” မျက်ရည်များနှင့်…
သင်းပျံ့မွှေးကြိုင်သောရနံ့
အချို့သော အမွှေးရနံ့များသည် မေ့ ပျောက်မရနိုင်အောင် အမှတ်ရစရာအဖြစ် ကျန်ရစ် တတ်သည်။ မကြာသေးမီက မုတ်ဆိတ်ရိတ်ဆပ်ပြာ ကုန်တော့မည်ဟု ခင်ပွန်းသည်က ကျွန်မကိုပြော သည်။ “ကျွန်မ ဝယ်ပေးပါ့မယ်”ဟုပြောရာ၊ သူက ဘူးပုံစံကိုပြရင်း “ဒီလို အမျိုးအစားထဲကပဲ ဝယ် ပေးပါလား။ ဒါကိုယ့်အဖေ အမြဲသုံးနေကျလေ၊ ကိုယ်လည်း ဒီရနံ့ကိုကြိုက်တယ်”ဟု သူက ပြော သည်။ ကလေးဘဝက အမေ ကျွန်မကို ခေါင်းလျှော် ပေးတိုင်း သုံးနေကျ ခေါင်းလျှော်ရည်ရနံ့ကို ပြန် သတိရရင်း ကျွန်မ ပြုံးမိသည်။ မိမိအနားမှာ မရှိ တော့သည့် ချစ်ရသူများ၏နှစ်လိုဖွယ်အမှတ်တရ များကို အမွှေးရနံ့များက Tomနှင့်ကျွန်မတို့ နှစ်ဦး စလုံးအတွက် ဆောင်ယူပေးသည်။
Oliver Wendell Holmes က အခြားသောအရာများထက် သင်းကြိုင်မွှေးပျံ့ သောရနံ့များက “အမှတ်တရများ၊ အတွေးပုံရိပ်များ၊ အတိတ်ဟောင်း၏ခံစားချက်များ၊ ချစ်ခင်ရင်းနှီးမှုစသည့်…
တိမ်တိုက်မြင်ကွင်း
ပထမကမ္ဘာစစ်အတွင်းက အမေရိကန် လေယာဉ်မှူးနှစ်ယောက်အကြောင်း ရိုက်ထားသော Wings အသံတိတ် ရုပ်ရုင်ကားကြီးသည် ၁၉၂၇ တွင် ပထမဆုံးသော အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆုကို ဆွတ်ခူးခဲ့သည်။ ထိုဇာတ်ကားကို ရိုက်ကူးစဉ်က ရက်ပေါင်းများစွာ ဆက်မရိုက်နိုင်ဘဲ ရပ်ဆိုင်းခဲ့ရာ၊ ရုပ်ရှင်ထုတ်လုပ်သူများက စိတ်ပျက် စွာနှင့် ဘာကြောင့်လဲဟု မေးရာ၊ ဒါရိုက်တာက “ကောင်းကင်တစ်ခွင်လုံး ပြာနေတယ်။ ဝေဟင် တိုက်ပွဲ ရိုက်မယ်ဆိုရင် တိမ်တွေမပါ ပဲနဲ့ မြင်ကွင်းက ကောင်းမှာမဟုတ်ဘူး။ တိမ်လွှာတွေက မြင်ကွင်း ကို ပိုအသက်ဝင်စေတယ်” ဟု ဖြေခဲ့သည်။ သူ့ စကားက မှန်သည်။ လေကြောင်းတိုက်ပွဲ၌တိမ်တိုက် နောက်ခံက တကယ်ဖြစ်ပျက်နေသကဲ့သို့ ကြည့်ရှုသူများကို ခံစားမှု ရသ ပေးစွမ်းလိမ့်မည်။
သို့သော် အခက်အခဲတိမ်တိုက်အစား ကောင်းကင်ပြာကိုသာ ကျွန်တော်တို့ မကြာခဏ တောင့်တသည်။ သို့သော် တိမ်ကောင်းကင်သည် ဘုရားသခင်၏သစ္စာရှိမှုကို ဖော်ကျူးကောင်းဖော်ကျူးနေမည်။…
နှလုံးသားအတွက်အစာ
ကျွန်တော်က စားကောင်းသောက်ဖွယ် များကို နှစ်သက်သည်။ လှပစွာပြင်ထားသော စားချင့်စဖွယ် ဟင်းလျာများကို ကြည့်ပြီး သဘောကျသလို အရသာကို မြည်းစမ်းကာ ကျေနပ်နေတတ်သည်။ မိမိစိတ်တိုင်းကျသာဆိုလျှင် အဆီတက်ဗိုက်ပူလာမှာကို ဂရုစိုက်မနေတော့ဘဲ စားသင့်သည်ထက်ပိုပြီး စားမိသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် သင့်လျော်သည့်အစာကို ချင့်ချိန်စားသင့်ကြောင်း ကျွန်တော့်ဇနီး မာတီက ဘယ်အချိန်မှာ ချစ်စဖွယ် သတိပေးရမည်ကို သိ၍သာတော်တော့သည်။
ပရောဖက် ယေရမိသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့သောအခါ ၎င်းသည် ဒဏ်စီရင်ခြင်းအကြောင်းပင်ဖြစ်လင့်ကစား ၎င်းကို စားသုံးလိုက်သည် ဆိုသည့်အချက်က စိတ်ဝင်စားစရာပါ။ ကျွန်တော်လည်း ယေရမိကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်ကို မြတ်နိုးစွာ ကြိမ်ဖန်များစွာ စားရဲ့လားဟု ပြန်ဆင်ခြင်မိသည်။
အမှန်စင်စစ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယေရမိ တကယ် မစားခဲ့ပါ။ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး နှလုံးသားအတွင်းထဲမှာ နက်နက်ရှိုင်းရှိုင်း ခံယူတတ်ခြင်းကို စာအလင်္ကာဖြင့် ဖော်ပြခြင်းသာဖြစ်သည်။ နှုတ်ကပတ်တော်ကိုခံယူရာ၌ ယေရမိကဲ့သို့ ဖြစ်ရမည်။…